---Year Founded---
---Student Enrollment---
---No of Login---
ကလေးများ၊ လူကြီးများအတွက် Coding/ Software Developements ပိုင်းနှင့် ပတ်သက်ပြီး သင်တန်းများ ပို့ချခြင်း၊ စာအုပ်များ၊ vedio lectures DVD များ ထုတ်ဝေခြင်းများ ပြုလုပ်သော နည်းပညာ ကျောင်းတစ်ခုဖြစ်ပါသည်။
မိမိအားလပ်ချိန်မှာ self-study လုပ်လိုသူများအတွက် websit မှ ကိုယ်တိုင် လေ့လာရသော အတန်းဖြစ်ပါသည်။ website မှာ video lectures များ နှင့် လိုအပ်သော documents များ တင်ထားပေးပါတယ်။ သင်တန်းကြေးကတော့ Course တစ်ခုကိ 40,000 kyats ဖြစ်ပါသည်။
မန္တလေးမြို့တွင် သင်တန်းကျောင်း တစ်ခု အဖြစ် ဖွင့်ထားသလို Zoom meeting ဖြင့် online teaching များလည်း ပြုလုပ်လျှက် ရှိပါတယ်။
Software Development နှင့် ပတ်သက်ပြီး IT Company များတွင် traning များလည်း ပြုလုပ်ပေးပါတယ်။
customize software များလည်းရေးသားပေးခြင်းများဆောင်ရွကလျှက် ရှိပါတယ်။
(Since 2008)
သင်ခန်းစာတွေ အကုန်လုံး သင်ရတာ အဆင်ပြေပြီး လိုက်မှတ်ရလည်းလွယ်ပါတယ်ရှင့်
သင်ကြားပုံသူကတော့အရမ်းချစ်ဖိုကောင်းနေလို ဘာပြောရမလဲတောင်မသိတော့ဘူးရှင့် တီချယ်စကားတွေမှာသုံးသွားတဲ့ အသစ်အဆန်းစကားလုံးလေးတွေကို သဘောအကျဆုံးပါပဲ
သင်ခန်းစာတွေကို videoထဲမှာတင် ပြည့်ပြည့်စုံစုံရှင်းပြပေးထားတဲ့ အတော်လေးကိုအဆင်ပြေပါတယ်။ နားလည်လွယ်ပါတယ်။
အထူးကောင်းမွန်ပါတယ်။ Databaseအကြောင်း ပိုပြီး နှံ့နှံ့ စပ်စပ် သိလာတယ်လို့ ခံစားမိပါတယ်။
အရမ်းအဆင်ပြေတယ်။အရင်ကDatabase Designဆွဲရမှာ ၀န်လေးခဲ့တယ်။ကြောက်နေခဲ့တယ်။ တီချယ်ကိုယ်တိုင် websiteတွေရဲ့ Database Structure ကို ရှင်းပြတော့ အခု websiteတွေရဲ့ Database Structureတွေကို အတော်အသင့် မြင်တတ်နေပါပြီ။ လက်တန်းလည်း ဆွဲတတ်နေပြီလို့ ခံစားမိပါတယ်။ Queryတွေ Homeworkလုပ်ရတော့ Queryတွေကိုလည်း မြန်မြန်ရေးနိုင်သလို လိုချင်တဲ့ Output Resultရတာကြောင့် သင်ကြားမှုက လုံး၀ perfect ပါပဲလို့ ပြောချင်ပါတယ်။
အရမ်းစိတ်ရှည်ပြီး အသင်အပြအရမ်းကောင်းတဲ့ဆရာမပါ။
ပြောပြနေတဲ့သင်ခန်းစာတွေမှန်သမျှကို နားအလည်ဆုံးနည်းနဲ့သင်ပြပေးသွားတယ်လို့ထင်ပါတယ် မှတ်သားရမဲ့ note တွေကအစ ပြောပြပေးပါတယ်
Course တိုင်းမှာ ယှဥ်ပေးတဲ့ ဥပမာတွေကအစ စိတ်ဝင်စားဖို့ကောင်းပီး စာပါတခါတည်းနားလည်လွယ်ပါတယ်
တပည့်တွေအပေါ် အမြဲ open minded ပါပဲ မှားမှားမှန်မှန်မပြောရဲတာမျိုး မရှိအောင် အမြဲတဦးကို ကြည့်ပေးနေရင်း အကုန်ဝိုင်းအဖြေရှာကြရပါတယ်
Techalသင်တဲ့စာကို ချစ်လို့တတ်ရင်း techalပိုချစ်သွားတာမျိုးးး
စိတ်ထဲပေါ်လာတဲ့ မေးခွန်းတွေကအစ အဖြေရပီး နားလည်အောင်ရှင်းရှင်းလင်းလင်းပြောပြတယ်. one by one လူချင်းတွေ့သင်နေရသလိုပါပဲ၊
သင်ပေးသလောက် execrisesမချန် ကိုယ့်ဖာသာလဲ လိုက်လုပ်ရင် အကုန်နားလည် တတ်မြောက်ပါတယ်။
ကိုယ့်အတွက်ကတော့ ရာနှုန်းပြည့် နားလည်တဲ့ သင်ကြားပုံပါ
အမစိတ်ရှည်မှုက လိုက်သင်တဲ့ကိုယ်တွေထက်ကို စိတ်ရှည်တာ.....❤
သင်ပြပေးတဲ့တီချယ်က စာသင်ပြလည်း ကောင်းပီး သဘောလည်းကောင်းတော့ စာသင်ရတာ အရမ်းအဆင်ပြေပါတယ်ရှင့်။ onlineကနေသင်ရပေမယ့် zoomချိန်မှာ တီချယ်က စိတ်ရှည်ရှည်နဲ့သေချာရှင်းြပပေးပီး အိမ်စာတွေလည်းစစ်ပေးလို့ အဆင်ပြေပါတယ်ရှင့်။
မည်သူမဆို ငယ်စဉ်ဘဝကနေ ခုထိ စာအသင်အပြကောင်းတဲ့ ဆရာ/မကို လေးစားအားကျရပြီးရင်ထဲမှာ စွဲမြဲစွာ အမှတ်တရရှိနေကြမှာပါ....... အဲလိုပဲ Tr သင်ကြားပြသတဲ့ Style ဟာ ကျွန်မရဲ့ Idol ပါပဲရှင်...........
ပုံမှန်သင်တန်းတော်တော်များများကတော့ ရှေ့က လုပ်ပြတာကို လိုက်လုပ်ရတာဖြစ်လို့ တက်တဲ့လူအတွက် သက်သာတယ်တွေးနိုင်ပေမဲ့ ။ တကယ်က progamming ဆိုတာ တဖက်ကကြည့်ရင် ဘာသာစကားသင်တာပဲ ဖြစ်တာမို့လို့ တကယ်လက်တွေ့ မလုပ်ရင် ဘာမှ တတ်လာမှာမဟုတ်သလို သူများလုပ်ပြီးသား ကြည့်ရင်လည်း သေချာတယ် ။စဉ်းစားတတ်မှာမဟုတ်ပါဘူး။ အခုဒီအတန်းမှာဆိုရင်လည်း တီချယ်က အပိုင်း(၂)ပိုင်းခွဲပြီး part - 1 မှာ များများစဉ်းစားတတ်အောင် လုပ်ခိုင်းတယ်။ part-2 မှာ ယူသုံးတတ်အောင် လုပ်ခိုင်းတယ်လို့ ရှင်းပြထားပေမဲ့ တကယ်တန်းပြောရရင် သင်တန်းကာလ တလျှောက်လုံးမှာ အဆက်မပြတ် စဉ်းစားတတ်လာအောင် ကျင့်ပေးခဲ့တာပါ။ part - 2 မှာ ယူသုံးတတ်ဖို့ ရှာတတ်ဖို့ ဆိုတာ part-1 မှာ သူလုပ်ခိုင်းတဲ့အတိုင်း ၉၀ ရာခိုင်နှုန်း တကယ်လိုက်လုပ်ခဲ့ရင် part - 2 မှာ အဆင်ပြေဖို ရာခိုင်နှုန်းများပါတယ်။ ကိုယ်ပိုင်ပရောဂျက်တစ်ခုလုပ်ခိုင်းတယ်လို့သာ ကြော်ငြာခဲ့ပေမဲ့ တကယ်တန်း course ထဲမှာ အပိုပရောဂျက်အသေးတွေ လုပ်ရပါတယ်။ အဲဒါတွေကို တကယ်လိုက်လုပ်ရင် ပိုသိလာလို့ ကိုယ်ပိုင်ပရောဂျက်ကို အများကြီး အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော့်အမြင်မှာ သင်တန်းအချို့မှာဆိုရင် အဆုံးသတ်မှာ ပရောဂျက်တစ်ခုလုပ်ရတယ် ။ သူတို့လုပ်ပြတယ်လို့ သိရပါတယ်။ သေချာတယ် အဲပရောဂျက်ရဲ့ ၃၀ ရာခိုင်နှုန်းလောက်ပဲ သင်ကြားသူဟာ တတ်မှာပါ။ ကိုယ်ပိုင်မဟုတ်လို့ ပြီးပြီးရောပဲဖြစ်မှာပါ။ programming ဟာ တကယ်ကိုယ်တိုင်မစဉ်းစားပဲ ဘယ်နည်းနဲ့မှ တတ်မြောက်ကျွမ်းကျင်မှာ မဟုတ်လို့ ဒီ course စီစဉ်ထားတဲ့ပုံစံကို သဘောကျပါတယ်။
programming ကို professional ကျကျတတ်ချင်ရင် ဒီလိုသင်ရမယ်ဆိုတဲ့အသိရသွားပါတယ်။ ပရိုဂရမ် ရေးတယ်ဆိုတာ ဆရာမရှေ့က ရေးပြ နောက်က လိုက်ကူးလိုက်မှတ် ပြန် run ကြည့် ဒီလောက်နဲ့ ဆို သင်ပေးတာပဲရမှာပါ။ ဆရာမဟာ အခုထိ ကျွန်တော်မှတ်မိသလောက် လေ့ကျင့်ခန်းတွေကို အဖြေရေးပြတာ tic-tac-toe တစ်ခုပဲ ရှိဖူးတယ် မှတ်မိပါတယ်။ ကျန်တာတွေကို ကျွန်တော်တို့ မျိုးစုံရေးလာတာကို မျိုးစုံဒေါင့်စိအောင် အသေးစိတ် ပြင်ပေးသွားတာပါ။
ပြောရရင် ဆရာမက သင်တာ ပြည့်စုံလွန်းပြီး ပညာအများကြီးပေးချင်လွန်းလို့ တပည့်တွေက တရွတ်တိုက်လိုက်ရတယ်ပဲပြောချင်ပါတယ် ။
ဆရာမ ကစဉ်းစာပြပြီး ကိုယ်တိုင် စဉ်းစားရေးသားနိုင်အောင် သင်ကြားတဲ့ပုံစံ မို့လို့ coding ရေးမယ်ဆိုရင် ကိုယ်ဘာသာကိုစဉ်းစားတတ်လာစေတယ်။
သင်ခန်းစာထဲက အကြောင်းအရာကို ပြင်ပအရာတွေနဲ့ဥပမာပေးပြီးရှင်းပြပေးတာက ပိုပြီး လက်တွေ့မြင် စေ ပြီး နား လည် လွယ် စေ လို့ သဘော ကျပါတယ်
video lecture နဲ့ဆိုတော့ နား လည် တဲ့အထိ ထပ်ခါ ထပ်ခါ ပြန်ကြည့်လို့ ရတယ် ့အတွက် အဆင်ပြေ တယ်၊ သဘောကောင်း စိတ်ရှည် ပြီး စာရှင်းကောင်းလို့ အဆင်ပြေပါ တယ်၊
Lecture videos ရှင်းပြထားတာအရမ်းကောင်းပါတယ် နားလည်လွယ်ပါတယ်
စိတ်ရှည်ရှည်နဲ့ ဖြေးဖြေးမှန်မှန်သင်ပေးပြီး နားလည်သဘောပေါက်အောင်လည်းထပ်ခါတလဲလဲရှင်းပြပါတယ်
video ဖြစ်လို့နားမလည်တဲ့အချိန် နားမလည်သသည့်နေရာကို ပြန်ကြည့်လို့ရတယ် နောင်တွင်လဲ ပြန်လေ့လာနိုင်တယ့် အတွက် ကောင်းပါတယ် teachel ကသေချာရှင်းပြလို့ အဆင်ပြေပါတယ် class နဲ့ယှဉ်ရင် Lecture Video ကိုပိုနှစ်သက်ပါတယ်
ဒီ course ကိုတခြားနေရာမှာ သင်ဖူးပါတယ် သိပ်နားမလည်ဘူး function တွေအသုံးပြုပုံရှပ်ထွေးခဲ့ပါတယ် ဒီ course ကတော့ တဆင့်ချင်းစီဆိုတော့ ရှင်းလင်းနားလည်ပါတယ် အဆင်ပြေပါတယ်
အရင်ကနားမလည်တာတွေ နားလည်လာတဲ့အတွက် တိုးတက်လာတယ်လို့ထင်ပါတယ်
အမှန်အတိုင်းပြောရရင် အစက အိမ်စာတွေအရမ်းများတယ်လို့တွေးမိပါတယ် ။ မလုပ်ကြည့်ခင်ကပေါ့ ။ ကိုယ့်ဘာသာ self study လုပ်ရင် တစ်နေ့ သင်ခန်းစာ ဉပမာတစ်ခုပြီးရင် အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ပုဒ်နှစ်ပုဒ်အလွန်ဆုံးလုပ်ဖြစ်မှာ။ အဲ့ထက်ပိုပြီး မယ်လို့လည်း ကိုယ့်ကိုယ်ကို မထင်ဘူး။ ဘာလို့လဲ လူဆိုတာကိုယ့်ကိုယ်ကို ညှာလေ့ရှိတာကိုး။ အနာဆေးထည့်သလိုပေါ့ ဆရာဝန်ဆေးထည့်မှ အနာတကယ်ပျောက်တာ ကွကိုထည့်ရင် နာမှာကြောက်တော့ သေချာမထည့်ဘူးလေ။ အခုလည်း စစချင်း ပုစ္ဆာတွေအများကြီးပေးတော့ ပြီးပါ့မလားပေါ့။ ဒါပေမဲ့ အခုထိ လွယ်တာရောခက်တာရော အခေါက်တိုင်း အမြဲ ၃ပုံ ၂ပုံ အထက်မှာ ပြီးတယ်။ လုပ်ရတာပင်ပန်းပေမဲ့ ။ ဆက်တိုက်အကြွေးမကျန် အောင်လုပ်ရင်း အကျင့်ရလာတော့ ပုစ္ဆာမကြောက် တော့ဘူး။ ကြိုက်တတ်လာတယ်။ အဲဒါကြောင့် တချို့အပတ်တွေဆို အချိန်ပိုရင် ကွကို ပုစ္ဆာသပ်သပ်ရှာပြီး လုပ်ဖြစ်လာတယ်။ ပြီးတော့ ဒီလို သင်တန်းမျိုးက လက်တွေ့များများမလုပ်ဘဲ သင်ခန်းစာ ဘယ်နည်းနဲ့မှ မကျေညက်ပါဘူး ။ ဆရာမခဏခဏပြောသလို ဘောလုံးပွဲကြည့်ပရိသတ်ပဲဖြစ်နေမှာ ။ ကိုယ်တိုင်ဝင်ကန်ဖို့က ဒီလို ပုစ္ဆာများလေကောင်းလေပါ ။